Pages

Subscribe:

Wednesday, February 11, 2015

ဗန်ပါစီ တံတောင်ဖြင့် တွတ်ခဲ့ခြင်းအပေါ် အက်ဖ်အေက လျစ်လျူရှုခဲ့ခြင်းအတွက် မော်ရင်ဟို ဝေဖန်



ဗန်ပါစီ တံတောင်ဖြင့် တွတ်ခဲ့ခြင်းအပေါ် အက်ဖ်အေက လျစ်လျူရှုခဲ့ခြင်းအတွက် မော်ရင်ဟို ဝေဖန်

ပြိုင်ဘက် ကစားသမားအား မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီက တံတောင်ဖြင့် တွတ်ခဲ့သော်လည်း အက်ဖ်အေမှ အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ခြင်းအတွက် ဟိုဆေးမော်ရင်ဟိုက ဝေဖန်ပြောကြားမှုတစ်ရပ် ပြုလုပ်ခဲ့သည်။


ဗန်ပါစီသည် တနင်္ဂနွေနေ့က အပ်တွန်ပက်ခ်တွင် ဝက်စ်ဟမ်းနှင့် ၁-၁ ဂိုး သရေကျခဲ့သည့် ပွဲစဉ်၌ ဂျိမ်းစ်တွမ်ကင်စ်ကို တံတောင်ဖြင့် တွတ်ခဲ့သည်။ သို့သော်လည်း ဒိုင်လူကြီး မတ်ခ်ကလပ်တန်ဘတ်ခ်က ထိုဖြစ်ရပ်ကို မမြင်ခဲ့သည့်အတွက် အက်ဖ်အေမှ အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။


ထို့နောက် အမ်မရီကန်ကို ခြေထောက်ဖြင့် နင်းခဲ့သောကြောင့် သုံးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရသည့် ချယ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာ၏ ပြစ်ဒဏ်နှင့် နှိုင်းယှဉ်၍ မော်ရင်ဟိုက ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ “ကျွန်တော့် ကစားသမားကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့သူတွေက အခြားကစားသမား တစ်ယောက်ကို ပြစ်ဒဏ်မပေးခဲ့ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။


ဆက်လက်ပြီး “ကစားသမား တစ်ယောက်က အခြားကစားသမားရဲ့ မျက်နှာကို ဒီလိုလုပ်ခဲ့ပေမယ့် ဘာအရေးယူမှုမှာ ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော့် ကစားသမား တစ်ယောက်ယောက်ကသာ ဒီလိုလုပ်ခဲ့မယ်ဆိုရင် အရေးယူခံရမှာ အသအေချာပါပဲ။ ပြီးခဲ့တဲ့နှစ်က ရာမီးရက်စ် ဒီလိုလုပ်ခဲ့တုန်းကလည်း အရေးယူခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်က လုံးဝထပ်တူပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း မန်ချက်စတာစီးတီး ကစားသမားက နော်ဝစ်ခ်ျ ကစားသမားကို ကန်ခဲ့ပေမယ့်လည်း ဘာအရေးယူမှုကိုမှ မလုပ်ခဲ့ပါဘူး” ဟု ဗန်ပါစီကို ရည်ညွှန်းသည့် အနေဖြင့် တံတောင်ဖြင့် တွတ်သည့်ပုံဖြင့် သရုပ်ပြကာ မော်ရင်ဟိုက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment